အီဒင်ဥယျာဉ်မှာတဲ့
မဟူရာညတစ်ည ၊ လောင်စာဆီမရ
တစ်ညတာအမှောင်ကျစဉ်...........
မီးပုံနဘေးဓါတ်စက်ဘေးမှာ
မ "အေးဝ"မေးတင်ပြီး
အတွေးယဉ်ယဉ်နဲ့ တေးနားဝင်ချိုခိုက်
ထန်းသီးဆိုလား ၊ ပန်းသီးဆိုလား
ခပ်ထွားထွားဟိုအသီးကိုအငြီးပြေကိုက်ဆဲ.........
အာဒမ်ရဲ့ အငိုက်....
ဒေးဗစ်ချမ်း ၊ရှောင်လင်အတတ်နဲ့ ၊ နံချပ်ကူပိုက်ပြီး
အချောင်နှိုက်မယ်အလာ
မိုနာလီဇာရဲ့ ငယ်ရည်းစား
ချေကွေ့ ဗားရားက
" ရား " ကျားဟဲ့လို့  ၊ ၀င်အလု
ဒေးဗစ်ချမ်းကို ထန်းသီးနဲ့ ထုတော့
လောင်ဂျီကျူထောင့်ငါးရာ..
အီကွေတာရပ်ဝန်း ၊ဝေဒနာကျွန်းက
ဂျိန်း(စ်)စဘွန်းထီးအောက်
အရည်းကြီးဇီးသီးပျောက်စဉ်
ဒေ၀ဒတ် ဖွါလူဒါသောက်ရာက
ငေါက်ခနဲထ
နာဠာဂိရီ နဲ့ အ၀ီစိကိုဖြတ်လမ်းကကြွတဲ့အခါ
ခေါမသူဟင်လင်ဂျမ်းရဲ့ 
အပြာရောင်ချိုနှုတ်ခမ်းကို
ဆင်ပေါ်ကအနမ်းကို............
ကဗျာဆရာကာရံပျင်းတာနဲ့ 
ဟုတ်တာမဟုတ်တာအပထား
ခင်ဗျားတို့ကြိုက်သော်ရှိ မကြိုက်သော်ရှိ
ဖတ်ကြည့်
ကသိကအောက်ဖြစ်ရင်
ဒီကဗျာသေချာအောင်မြင်တယ် . . . ။
စာရင်းရှင်းတမ်း
10 months ago